back

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ ရေဘေးသင့်နှင့် ရေဘေးရှောင်စခန်း ဖွင့်ထားသည့် ကျောင်း ၁၀၂ ကျောင်းအတွက် အလှူငွေကျပ် ၈၁၈ သိန်း လှူဒါန်း

Aug 17 • 11:10 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ ရေဘေးသင့်နှင့် ရေဘေးရှောင်စခန်း ဖွင့်ထားသည့် ကျောင်း ၁၀၂ ကျောင်းအတွက် အလှူငွေကျပ် ၈၁၈ သိန်း လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်နေသည့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်နေသည့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားသည့် ကျောင်း စုစုပေါင်း ၁၀၂ ကျောင်း ရှိကြောင်း သိရသည်။ အဆိုပါ ကျောင်းများအတွက် ပုသိမ်မြို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ် ၈၁၈ သိန်းကို ဩဂုတ်လ ၁၅ ရက်က မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရရှိလာသည့် အလှူငွေများကို လိုအပ်ချက်အလိုက် ဆက်လက် ဖြန့်ခွဲလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

9