ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ကျေးရွာအချို့တွင် သောက်သုံးရေ အခက်အခဲများကြောင့် ကလေးသူငယ်များ၌ ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုမှာ အင်းလေးဒေသရှိ ကျေးရွာအားလုံးတွင် မဟုတ်ဘဲ ငလျင်နှင့် ရေဘေးဒဏ်များကြောင့် သောက်သုံးရေသန့် ရရှိရန် အခက်အခဲ ရင်ဆိုင်နေရသည့် ကျေးရွာအချို့တွင် ပိုမိုဖြစ်ပွားနေခြင်း ဖြစ်သည်။ ယခင်ဖြစ်ပွားခဲ့သော သဘာဝဘေးဒဏ်များကြောင့် ရေသိုလှောင်ကန်များနှင့် အိမ်သာများ ထိခိုက်ပျက်စီးခဲ့ရပြီးနောက် သောက်သုံးရေအတွက် မိုးရေနှင့် အင်းရေကိုသာ အဓိက အားထားသုံးစွဲနေရသည်။ဒေသခံများအနေဖြင့် မိုးရေကို ကျိုချက်သောက်သုံးခြင်း မပြုဘဲ တိုက်ရိုက်သောက်သုံးနေရသည့် အခြေအနေများကြောင့် ကလေးငယ်များတွင် ပုံမှန်ဝမ်းပျက်သည့် လက္ခဏာများ ပိုမိုတွေ့ရှိနေရခြင်းဖြစ်ကာ လက်ရှိတွင် ပြင်းထန်သည့် အခြေအနေမျိုးတော့ မဟုတ်သေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
Aug 17 • 6:49 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 9 | 0 | 0 | 0 |


