back

ရှမ်းပြည်နယ်၊ ဖယ်ခုံ၌ တစ်လအတွင်း ရွာလုံးကျွတ်နီးပါး တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားနေသဖြင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်လျက်ရှိ

Aug 17 • 4:34 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ ဖယ်ခုံ၌ တစ်လအတွင်း ရွာလုံးကျွတ်နီးပါး တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားနေသဖြင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်လျက်ရှိ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာ၌ တစ်လအတွင်း တစ်ရွာလုံးနီးပါး တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင...

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာ၌ တစ်လအတွင်း တစ်ရွာလုံးနီးပါး တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ဒေသခံလူဦးရေ ၃၀၀ ကျော် နေထိုင်သည့် အဆိုပါ ကျေးရွာတွင် ဖျားနာသူ ၁၅၀ ကျော်အထိ ရှိခဲ့သည်။ ဩဂုတ်လ ပထမအပတ်အတွင်းက မိသားစုလိုက် ကလေးများပါမကျန် ကူးစက်ဖျားနာသူ အလွန်များပြားခဲ့သဖြင့် စာသင်ကျောင်းပင် ပိတ်ထားခဲ့ရသည်။ ပြီးခဲ့သည့်အပတ်က ကျန်းမာရေးအဖွဲ့များ လာရောက်ကုသပေးပြီး ဆေးဝါးများ ဝေငှပေးခဲ့သော်လည်း ထပ်မံဖျားနာသူများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။မယ်စုံတောင်ကျေးရွာတွင် ဆေးရုံ၊ ဆေးခန်းများ မရှိသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် အနီးဆုံး ဆေးခန်းသို့ သွားရောက်ရန် မော်တော်ယာဉ်ဖြင့် ၁ နာရီကျော် မောင်းနှင်ရသဖြင့် လက်လုပ်လက်စားမိသားစုများအတွက် ဆေးဝါးကုသစရိတ် အခက်အခဲများစွာ ကြုံတွေ့နေရသည်။

news-view-count-icon

7