back

ပြည်တွင်း၌ ကြူကုတ်ကြက်သွန်ဖြူ ဈေးငြိမ်နေပြီး ရှမ်းကြက်သွန်ဖြူ ဈေးနှုန်းမြင့်တက်လာ

Aug 17 • 4:32 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ ကြူကုတ်ကြက်သွန်ဖြူ ဈေးငြိမ်နေပြီး ရှမ်းကြက်သွန်ဖြူ ဈေးနှုန်းမြင့်တက်လာ

ယခု ဩဂုတ်လအတွင်း ပြည်တွင်း ကြက်သွန်ဖြူ ဈေးကွက်၌ ကြူကုတ်ကြက်သွန်ဖြူမှာ ဈေးငြိမ်နေသော်လည်း ဒေသထွက် ရှမ်းကြက်သွန်ဖြူမှာ ဈေးနှုန်းတက်လာကြောင်း သိရသည်။ဩဂုတ် ၁၂ ရက်နေ...

ယခု ဩဂုတ်လအတွင်း ပြည်တွင်း ကြက်သွန်ဖြူ ဈေးကွက်၌ ကြူကုတ်ကြက်သွန်ဖြူမှာ ဈေးငြိမ်နေသော်လည်း ဒေသထွက် ရှမ်းကြက်သွန်ဖြူမှာ ဈေးနှုန်းတက်လာကြောင်း သိရသည်။ဩဂုတ် ၁၂ ရက်နေ့ ရှမ်းပြည်နယ်၊ အောင်ပန်းကုန်စည် ဈေးကွက်တွင် ရှမ်းကြက်သွန်ဖြူ အောင်ပန်းထူး (၂) တစ်ပိဿာလျှင် ကျပ် ၅,၀၀၀၊ အောင်ပန်းထူး (၃) မှာ ကျပ် ၆,၀၀၀၊ အောင်ပန်းထူး (၄) မှာ ကျပ် ၇,၅၀၀၊ အောင်ပန်းထူး (၅) မှာ ကျပ် ၉,၅၀၀ နှင့် အောင်ပန်းထူးလွန်မှာ ကျပ် ၁၂,၀၀၀ အသီးသီး ဈေးပေါက်ခဲ့သည်။ ထို့အတူ ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကြူကုတ်ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၁၁,၄၀၀ ဖြင့် ဈေးငြိမ်နေပြီး ရှမ်းကြက်သွန်ဖြူ အောင်ပန်းထူး (၂) တစ်ပိဿာလျှင် ကျပ် ၅,၃၀၀၊ အောင်ပန်းထူး (၃) မှာ ကျပ် ၆,၇၀၀၊ အောင်ပန်းထူး (၄) မှာ ကျပ် ၇,၇၀၀ နှင့် အောင်ပန်းထူး (၅) မှာ ကျပ် ၈,၇၀၀ အထိ ဈေးနှုန်း ရရှိခဲ့သည်။ကုန်သည်များ၏ သိုလှောင်ထားမှုကြောင့် ကုန်စည်အဝင် နည်းနေပြီး ရန်ကုန် ဈေးကွက်ပါ လှုပ်ခတ်လာသဖြင့် ဈေးနှုန်း ထပ်မံ မြင့်တက်လာနိုင်ကြောင်း ပွဲရုံပိုင်ရှင်များက သုံးသပ်ထားသည်။ ပြည်တွင်း ကြက်သွန်ဖြူ ဈေးကွက်သည် နှစ်စဉ် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ဈေးတက်လေ့ရှိသဖြင့် သိုလှောင်ထားသူများအနေဖြင့် ယင်းကာလများတွင် ထုတ်ရောင်းသင့်ကြောင်း သုံးသပ်ဖော်ပြထားသည်။

news-view-count-icon

9