မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၆)၊ ကန်တော်ကြီးလမ်းတွင် ယနေ့ ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီ ၅၇ မိနစ်ခန့်က သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။သစ်ပင်လဲကျကြောင်း သတင်းရရှိသည်နှင့်တစ်ပြိုင်နက် ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁ စီးဖြင့် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ကာ လမ်းကြောင်းပြန်လည် ပွင့်လင်းစေရေးအတွက် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Aug 17 • 3:47 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 5 | 0 | 0 | 0 |


