back

ရှမ်းပြည်နယ် (တောင်ပိုင်း) ၌ ဩဂုတ် ၁၈ ရက်အထိ မိုးနည်းနိုင်သော်လည်း မိုးကြိုးနှင့် တောင်ကျရေ အန္တရာယ် သတိပြုရန်လို

Aug 17 • 3:38 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ် (တောင်ပိုင်း) ၌ ဩဂုတ် ၁၈ ရက်အထိ မိုးနည်းနိုင်သော်လည်း မိုးကြိုးနှင့် တောင်ကျရေ အန္တရာယ် သတိပြုရန်လို

ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ဩဂုတ် ၁၈ ရက်အထိ မိုးကျဲနေမည်ဖြစ်သော်လည်း ဩဂုတ် ၁၉ ရက်နောက်ပိုင်း မိုးပြန်လည် ပိုလာမည်ဖြစ်ရာ မိုးထစ်ချုန်းချိန် ဖြစ်ပေါ်တတ်သည့် မ...

ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ဩဂုတ် ၁၈ ရက်အထိ မိုးကျဲနေမည်ဖြစ်သော်လည်း ဩဂုတ် ၁၉ ရက်နောက်ပိုင်း မိုးပြန်လည် ပိုလာမည်ဖြစ်ရာ မိုးထစ်ချုန်းချိန် ဖြစ်ပေါ်တတ်သည့် မိုးကြိုးပစ်ခြင်းနှင့် တောင်ကျရေ အန္တရာယ်ကို သတိပြုကြရန် လိုအပ်ကြောင်း မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်ထားသည်။ရခိုင်ရိုးမနှင့် အလယ်ပိုင်း မိုးကွယ်ရပ်ဝန်း၏ အစွန်းထွက် သက်ရောက်မှုကြောင့် တောင်ကြီး၊ ကလော၊ ပင်းတယနှင့် အင်းလေးကန် ဝန်းကျင်ဒေသများ၌ ဩဂုတ် ၁၈ ရက်အထိ မိုးအလွန်ကျဲနေမည် ဖြစ်သည်။ သို့သော် ဩဂုတ် ၁၉ ရက်နောက်ပိုင်းတွင် မိုးအသင့်အတင့် ပြန်လည် ရွာသွန်းလာမည်ဖြစ်ရာ ညနေပိုင်း မိုးထစ်ချုန်းချိန်များတွင် ဖြစ်ပေါ်တတ်သော မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ကုန်းမြင့်ဒေသများ၌ တောင်ကျရေ စီးဆင်းမှုများကို ကြိုတင် သတိပြုရန် လိုအပ်သည်။ရှမ်းပြည်နယ် တစ်ခုလုံးအနေဖြင့် ဩဂုတ် ၁၇ ရက်မှစ၍ မဲခေါင်မြစ်ဝှမ်းမှ လေပွေလှိုင်းများနှင့် မုတ်သုံမိုးတိမ်များ တိုးဝင်လာမည်ဖြစ်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်တို့တွင် ရေချိန် ၁၀၀ မီလီမီတာမှ ၁၆၀ မီလီမီတာအထိ မိုးအလွန်ကြီးနိုင်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်လည်း ဩဂုတ် ၁၈ ရက်နောက်ပိုင်း မိုးရွာရက် စိပ်လာမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

4