back

မြန်မာနိုင်ငံ၌ မသန်စွမ်း ကျောင်းသား/ကျောင်းသူ ၄၇ ဦးအား ပညာသင်ဆုများ ချီးမြှင့်မည်

Aug 17 • 3:19 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံ၌ မသန်စွမ်း ကျောင်းသား/ကျောင်းသူ ၄၇ ဦးအား ပညာသင်ဆုများ ချီးမြှင့်မည်

ကမ္ဘောဇဘဏ်နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မသန်စွမ်း ကျောင်းသား/ကျောင်းသူ ၄၇ ဦးအား ပညာသင်ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင...

ကမ္ဘောဇဘဏ်နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မသန်စွမ်း ကျောင်းသား/ကျောင်းသူ ၄၇ ဦးအား ပညာသင်ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းထံမှ သိရသည်။အဆိုပါ ပညာသင်ဆု ချီးမြှင့်ရေး ငါးနှစ်တာ စီမံကိန်း နားလည်မှုစာချွန်လွှာကို ဩဂုတ် ၁၃ ရက်က လက်မှတ်ရေးထိုးခဲ့ကြပြီး မသန်စွမ်း ကျောင်းသား/ကျောင်းသူများ၏ ပညာရေး အခွင့်အလမ်းများ ပိုမို တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ပညာသင်ဆုတွင် ကိုယ်အင်္ဂါ၊ အမြင်၊ အကြားနှင့် ဉာဏ်ရည် မသန်စွမ်းမှု စသည့် အမျိုးအစား အသီးသီးမှ ထူးချွန်ပြီး အမှန်တကယ် လိုအပ်သော အထက်တန်းအဆင့် (Grade-8 မှ Grade-12) ကျောင်းသား ၂၄ ဦး၊ တက္ကသိုလ် ကျောင်းသား ၅ ဦးနှင့် အဝေးသင် တက္ကသိုလ် ကျောင်းသား ၁၈ ဦး၊ စုစုပေါင်း ၄၇ ဦး ပါဝင်သည်။ ပညာသင်ဆုအား လက်ရှိ သင်ယူနေသည့် အတန်းမှစ၍ တက္ကသိုလ် ပညာရေး ပြီးဆုံးသည်အထိ လစဉ် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဆက်လက် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

6