ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြို့ကြီးများ၌ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ ဈေးကွက်အတွင်း ရှားပါးပြီး ဈေးနှုန်း အဆမတန် မြင့်တက်နေခြင်းကြောင့် ကန်ထရိုက်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများ လည်ပတ်ရန် ခက်ခဲနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။သွင်းကုန် ကန့်သတ်ချက်များ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ဘိလပ်မြေ၊ သံချောင်း အပါအဝင် ပြည်ပမှ တင်သွင်းရသည့် ပစ္စည်းများ၏ ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လျက် ရှိသည်။ လက်ရှိတွင် လုပ်ငန်းသုံး သံချောင်းတစ်တန်လျှင် ပရီမီယံပါမစ် ဈေးနှုန်းနှင့် အခြား ကုန်ကျစရိတ်များ ပေါင်းစပ်ပါက ကျပ် ၅၆ သိန်းမှ ၆၀ သိန်းဝန်းကျင်အထိ ကုန်ကျနေပြီး ဘိလပ်မြေတစ်အိတ်လျှင် ကျပ် ၁၇,၀၀၀ ကျော်မှ ၁၈,၀၀၀ ကျော်အထိ ဈေးပေါက်နေသည်။ ထို့ပြင် စက်သုံးဆီ ရှားပါးမှုကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်တက်ကာ ပြည်တွင်းထုတ် အုတ်၊ သဲ၊ ကျောက် ဈေးနှုန်းများပါ ဆက်တိုက် မြင့်တက်လျက် ရှိသည်။အဆိုပါ ကုန်ကြမ်း ဈေးနှုန်း မြင့်တက်မှုများကြောင့် တိုက်ခန်း အရောင်းအဝယ် ဈေးကွက် အေးစက်ခြင်း၊ ဘဏ်စနစ် ကန့်သတ်ချက်များကြောင့် ငွေကြေး လည်ပတ်ရန် ခက်ခဲခြင်းတို့နှင့် ကြုံတွေ့နေရပြီး ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းအချို့ ရပ်နားထားရသည့်အပြင် တင်ဒါအောင်မြင်ထားသည့် ကန်ထရိုက်အချို့မှာလည်း စရိတ်စက တွက်ခြေမကိုက်သဖြင့် လုပ်ငန်းများ အကြမ်းထည်အဆင့်တွင် ရပ်တန့်ထားရကြောင်း သိရသည်။
ပြည်တွင်း၌ ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်း အဆမတန် မြင့်တက်နေသဖြင့် လုပ်ငန်းများ လည်ပတ်ရန် ခက်ခဲနေ
Aug 17 • 2:53 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


