back

UFC-331 ပြိုင်ပွဲတွင် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို (၃) ချီအတွင်း အလဲထိုးမည်ဟု ဂျိုရှုအာဗန် ပြောကြား

Aug 17 • 2:30 AM

breaking-news

မြန်မာ

ပြည်ပ

breaking-news
cover

UFC-331 ပြိုင်ပွဲတွင် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို (၃) ချီအတွင်း အလဲထိုးမည်ဟု ဂျိုရှုအာဗန် ပြောကြား

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ လာမည့် စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀) တွင် ကျင်းပမည့် ...

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ လာမည့် စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀) တွင် ကျင်းပမည့် UFC-331 ပြိုင်ပွဲ၏ Main Event ခေါင်ပွဲအဖြစ် ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်နှင့် ဘရာဇီးဖိုက်တာ အလက်ဇန္ဒားပန်တိုဂျာတို့ မကျေပွဲ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ဩဂုတ် ၁၄ ရက်က လော့စ်အိန်ဂျလိစ်မြို့၌ ပြုလုပ်ခဲ့သည့် ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် မြန်မာဖိုက်တာ ဂျိုရှုအာဗန်က ၎င်းအနေဖြင့် ပွဲများကို မပျက်မကွက် လေ့ကျင့်လျက် စိပ်စိပ်ထိုးသတ်လိုကြောင်းနှင့် ယခုမကျေပွဲတွင်လည်း ဘရာဇီးဖိုက်တာ ပန်တိုဂျာကို (၃) ချီအတွင်း အလဲထိုး အနိုင်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။အဆိုပါပွဲသည် UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ဂျိုရှုအာဗန်အတွက် ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲ ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ဖူးပြီး ဂျိုရှုအာဗန်က ပထမအချီတွင် ပန်တိုဂျာကို အလဲထိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံခါးပတ် စတင်ရရှိခဲ့ခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် ပြီးခဲ့သည့် မေလအတွင်းကလည်း ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကို ၅ ချီမြောက်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူကာ ပထမအကြိမ် ချန်ပီယံခါးပတ် ကာကွယ်ထားခဲ့သည်။

news-view-count-icon

15