ယနေ့ ဩဂုတ် ၁၇ ရက်တွင် စတင်ကျင်းပမည့် ၂၀၂၆ အာရှအမျိုးသမီး ချန်ပီယံလိဂ် (Asian Women's Champions League) ခြေစစ်ပွဲစဉ်များအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ဧရာဝတီအက်ဖ်စီ (Ayeyawady FC) အမျိုးသမီးအသင်းနှင့် လက်ဘနွန်ကလပ် No Limits FC အမျိုးသမီးအသင်းတို့သည် ပြိုင်ပွဲအကြို တရားဝင် လေ့ကျင့်မှု (Official Training) အစီအစဉ်များကို ပြုလုပ်ခဲ့ကြကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ထံမှ သိရသည်။အဆိုပါ ကလပ်အသင်း နှစ်သင်းစလုံးသည် ယှဉ်ပြိုင်ကစားရမည့် ပွဲစဉ်အတွက် နောက်ဆုံးအဆင့် ကြိုတင်ပြင်ဆင်မှုများအဖြစ် ကွင်းအတွင်း လေ့ကျင့်မှုများကို အသီးသီး ပြုလုပ်ခဲ့ကြပြီး ပြိုင်ပွဲအတွက် အထူး အသင့်ပြင်ဆင်ထားကြကြောင်း သိရသည်။
၂၀၂၆ အာရှအမျိုးသမီး ချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်အတွက် မြန်မာကိုယ်စားပြု ဧရာဝတီအက်ဖ်စီနှင့် လက်ဘနွန်ကလပ် No Limits FC တို့ လေ့ကျင့်မှုများ ပြုလုပ်
Aug 17 • 2:19 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 7 | 0 | 0 | 0 |


