back

ရတနာပုံအသင်းက အီတလီနောက်ခံလူ ဖိလစ်ပီဖာရေဇီနှင့် ရှမ်းယူနိုက်တက်က ကျော်မင်းဦးတို့အား ခေါ်ယူ

Aug 17 • 2:06 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရတနာပုံအသင်းက အီတလီနောက်ခံလူ ဖိလစ်ပီဖာရေဇီနှင့် ရှမ်းယူနိုက်တက်က ကျော်မင်းဦးတို့အား ခေါ်ယူ

မြန်မာနေရှင်နယ်လိဂ် (MNL) ကလပ် ရတနာပုံအသင်းသည် လာမည့်ရာသီအတွက် ၆ ဦးမြောက် ပြည်ပကစားသမားအဖြစ် အသက် ၂၅ နှစ်အရွယ် အီတလီနောက်ခံလူ ဖိလစ်ပီဖာရေဇီကို အပြီးသတ် ခေါ်ယူလိ...

မြန်မာနေရှင်နယ်လိဂ် (MNL) ကလပ် ရတနာပုံအသင်းသည် လာမည့်ရာသီအတွက် ၆ ဦးမြောက် ပြည်ပကစားသမားအဖြစ် အသက် ၂၅ နှစ်အရွယ် အီတလီနောက်ခံလူ ဖိလစ်ပီဖာရေဇီကို အပြီးသတ် ခေါ်ယူလိုက်ကြောင်း သိရသည်။အဆိုပါ အီတလီကစားသမား ဖာရေဇီသည် ဗဟိုခံစစ်၊ ညာနောက်ခံနှင့် ကွင်းလယ်ခံစစ် နေရာများတွင် ကစားနိုင်သူဖြစ်ပြီး အာရှကလပ်အသင်းသို့ ပထမဆုံးအကြိမ် လာရောက်ကစားခြင်း ဖြစ်သည်။ ရတနာပုံအသင်းသည် ယခုရာသီအတွက် ဘရာဇီးကစားသမား ၂ ဦးအပြင် ဂီနီ၊ ဂါနာ၊ ဂျပန်နှင့် အီတလီ ကစားသမားတစ်ဦးစီ ခေါ်ယူဖြည့်တင်းထားပြီး ဖြစ်သည်။

ထို့ပြင် လက်ရှိ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည်လည်း အသင်းကို အားဖြည့်သည့်အနေဖြင့် မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား ကျော်မင်းဦးကို ခေါ်ယူလိုက်ကြောင်း သိရသည်။ ရှမ်းယူနိုက်တက်အသင်းသည် ကျော်မင်းဦးမတိုင်မီကလည်း လက်ရွေးစင် ကွင်းလယ်လူ လွင်မိုးအောင်ကို ခေါ်ယူထားခဲ့သည်။

news-view-count-icon

9