ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာအုပ်စု၊ ဖောင်ရိုးချောင်းကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်းမကြီး မိုင်တိုင်အမှတ် (၃၇/၇) နှင့် (၃၇/၈) ကြားတွင် ဩဂုတ် ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ထူးပေါက်၍ မြေသား ၁ ပေခန့် နိမ့်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်ကြောင့် ညောင်တုန်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သဲအိတ်များနှင့် မြေသားများ အသုံးပြုကာ ထူးပေါက် ပိတ်ခြင်း လုပ်ငန်းများကို အရေးပေါ် သွားရောက် ဆောင်ရွက်ပေးခဲ့ကြသည်။
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကုန်-ပုသိမ် ကားလမ်းမကြီးတွင် ထူးပေါက်၍ မြေသားနိမ့်ကျမှု ဖြစ်ပွား
Aug 17 • 1:54 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 12 | 0 | 0 | 0 |


