ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် YBS ယာဉ်စီးခများ တိုးမြှင့်ကောက်ခံရန် ကြေညာခဲ့မှုအား အများပြည်သူ အခက်အခဲ မဖြစ်စေရန်အတွက် ဩဂုတ် ၁၆ ရက်နေ့မှစ၍ ပြန်လည်ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။YBS ယာဉ်စီးခ ကျပ် ၂၀၀ ခရီးစဉ်ကို ကျပ် ၃၀၀ အဖြစ်လည်းကောင်း၊ ကျပ် ၄၀၀ ခရီးစဉ်ကို ကျပ် ၆၀၀ အဖြစ်လည်းကောင်း စက်တင်ဘာ ၁ ရက်နေ့မှစ၍ တိုးမြှင့်ကောက်ခံရန် ဩဂုတ် ၁၄ ရက်တွင် YRTC က ကြေညာခဲ့သော်လည်း ကုန်ဈေးနှုန်းများ မြင့်တက်နေချိန်တွင် ပြည်သူများ ဝန်ထုပ်ဝန်ပိုး ဖြစ်မည်ကို စိုးရိမ်သဖြင့် ပြန်လည်ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။ထို့အပြင် YPS ကတ်စနစ်ကို လက်ရှိနှုန်းထားအတိုင်း ဆက်လက် အသုံးပြုသွားမည်ဖြစ်ပြီး လမ်းမများပေါ်တွင် တရားမဝင် ရပ်တည်ကာ ယာဉ်မောင်းများထံမှ ငွေကြေးရယူပြီး ခရီးသွားပြည်သူများကို အဆင်မပြေဖြစ်စေသည့် တရားမဝင် အချိန်မှတ်များကိုလည်း YRTC အနေဖြင့် ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 17 • 1:39 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


