back

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများအတွက် ညပိုင်း လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ် ကျပ် ၉၀၀ မှ ၆၀၀ သို့ လျှော့ချပေးခဲ့

Aug 17 • 1:36 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများအတွက် ညပိုင်း လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ် ကျပ် ၉၀၀ မှ ၆၀၀ သို့ လျှော့ချပေးခဲ့

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများကို ကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခအား မူလတစ်ယူနစ် ကျပ် ၉၀၀ မှ ကျပ် ၆၀၀ သို့ လျှော့ချပေးခဲ့ကြောင်း လျှပ်စစ်နှင့် ...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများကို ကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခအား မူလတစ်ယူနစ် ကျပ် ၉၀၀ မှ ကျပ် ၆၀၀ သို့ လျှော့ချပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဩဂုတ် ၁၆ ရက်တွင် ထုတ်ပြန် အသိပေးလိုက်သည်။အဆိုပါ လျှော့ချပေးမှုကို သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စက်မှုလုပ်ငန်းကြီးများအတွက် နေ့စဉ် ည ၁၁ နာရီမှ နောက်နေ့ နံနက် ၅ နာရီအထိ အချိန်ကာလအတွင်း ပထမအဆင့် အနေဖြင့် စတင် စမ်းသပ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ထိုသို့ လျှော့ချပေးခြင်းဖြင့် မိုးရာသီအတွင်း ရေအားလျှပ်စစ် ပိုလျှံမှုမှ ရေများ အလဟဿ မဖြစ်ဘဲ နိုင်ငံတော်အတွက် ဝင်ငွေ ရရှိလာခြင်း၊ ဓာတ်အားစနစ် တည်ငြိမ်လာခြင်း၊ စက်မှုလုပ်ငန်းများ ညပိုင်းသို့ ပြောင်းရွှေ့ လည်ပတ်သဖြင့် နေ့ပိုင်း ပြည်သူများ သုံးစွဲရန် လျှပ်စစ်ဓာတ်အား ပိုမို ဖြန့်ဖြူးပေးနိုင်ခြင်းနှင့် လုပ်ငန်းရှင်များ ထုတ်လုပ်မှု စရိတ် လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည်။

news-view-count-icon

18