back

အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာတက်ဂ်ဘောအသင်း ပါဝင်ယှဉ်ပြိုင်မည်

Aug 16 • 12:50 PM

breaking-news

မြန်မာ

ပြည်ပ

cover

အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာတက်ဂ်ဘောအသင်း ပါဝင်ယှဉ်ပြိုင်မည်

ဂျပန်နိုင်ငံ Aichi-Nagoya ၌ ကျင်းပမည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းအနေဖြင့် အမျိုးသားတစ်ယောက်ချင်း၊ အမျိုးသမီးတစ်...

ဂျပန်နိုင်ငံ Aichi-Nagoya ၌ ကျင်းပမည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းအနေဖြင့် အမျိုးသားတစ်ယောက်ချင်း၊ အမျိုးသမီးတစ်ယောက်ချင်းနှင့် အမျိုးသမီးနှစ်ယောက်တွဲ စသည့် ပြိုင်ပွဲအမျိုးအစား ၃ မျိုးတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တက်ဂ်ဘော အဖွဲ့ချုပ်ထံမှ သိရသည်။ လက်ရှိတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ကစားသမားများ၏ နည်းဗျူဟာ၊ ခြေစွမ်း၊ နည်းစနစ်နှင့် ကြံ့ခိုင်မှုပိုင်းဆိုင်ရာ လေ့ကျင့်မှုများကို နည်းပြများက အရှိန်အဟုန်မြှင့် စနစ်တကျ လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

9