back

မြစ်ရေပြန်လည်ကျဆင်း၍ နေအိမ်များ၌ ပြန်လည်နေထိုင်ချိန်တွင် လိုက်နာဆောင်ရွက်ရန်များကို ညောင်ဦး၌ အသိပညာပေး

Aug 16 • 12:48 PM

breaking-news

မြန်မာ

မန္တလေး

cover

မြစ်ရေပြန်လည်ကျဆင်း၍ နေအိမ်များ၌ ပြန်လည်နေထိုင်ချိန်တွင် လိုက်နာဆောင်ရွက်ရန်များကို ညောင်ဦး၌ အသိပညာပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့် ရေဘေးသင့်ပြည်သူများအာ...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့် ရေဘေးသင့်ပြည်သူများအား ညောင်ဦးမြို့မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ဩဂုတ်လ ၁၆ ရက်တွင် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲများတွင် မြစ်ရေ ပြန်လည်ကျဆင်း၍ နေအိမ်များ၌ ပြန်လည်နေထိုင်သည့်အခါ အိမ်၏ ကြံ့ခိုင်ရေး၊ ပိုးမွှားအန္တရာယ်၊ သောက်သုံးရေ သန့်ရှင်းမှုနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းမှု ရှိ/မရှိ စစ်ဆေးပြီးမှသာ ပြန်လည်နေထိုင်ကြရေး ဆောင်ရန်/ရှောင်ရန်များနှင့် Life Jacket ဝတ်ဆင်နည်းများကို အသိပညာပေးခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲများကို အမှတ် (၁)၊ (၂) နှင့် (၇) ရပ်ကွက်တို့ရှိ ယာယီရေဘေးရှောင်စခန်းများ၌ သွားရောက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

6