မကွေးတိုင်း၊ အောင်လံမြို့နယ်၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့် ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များက ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းတွင် သရက်တောရပ်ကွက်၊ လယ်ပြင်ဘုန်းတော်ကြီးကျောင်း၌ ဆန်၊ စားသုံးဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် ထမင်းဗူးများကို လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တာဝန်ရှိသူများသည် ရေဝင်ရောက်နေသည့် ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ကြည့်ရှုပြီး ရေဘေးသင့်သူများနှင့် ၎င်းတို့၏ အိမ်ထောင်စုပစ္စည်းများကို ဘေးကင်းလုံခြုံသည့် နေရာများသို့ ရွှေ့ပြောင်းပေးနိုင်ရေးအတွက် ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 16 • 12:45 PM
မြန်မာ
မကွေး
မျှဝေမည်
| 7 | 0 | 0 | 0 |


