back

YBS ကားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကို ပြန်လည်ပယ်ဖျက်

Aug 16 • 12:44 PM

breaking-news

မြန်မာ

ရန်ကုန်

cover

YBS ကားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကို ပြန်လည်ပယ်ဖျက်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်စီးခများကို လာမည့် စက်တင်ဘာလ ၁ ရက်မှစတင်၍ ကျပ် ၆၀၀ အထိ တိုးမြှင့်ကောက်ခံမည်ဆိုသည့် အစီအစဉ်ကို ပြန်လည်ပယ်ဖျက်လိုက်ကြောင်း...

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်စီးခများကို လာမည့် စက်တင်ဘာလ ၁ ရက်မှစတင်၍ ကျပ် ၆၀၀ အထိ တိုးမြှင့်ကောက်ခံမည်ဆိုသည့် အစီအစဉ်ကို ပြန်လည်ပယ်ဖျက်လိုက်ကြောင်း YRTC ထံမှ သိရသည်။ ယခင်က ယာဉ်ပြင်ဆင်စရိတ်များ မြင့်တက်လာမှုကြောင့် ယာဉ်စီးခကို ကျပ် ၄၀၀ မှ ၆၀၀ သို့ တိုးမြှင့်ရန် စီစဉ်ခဲ့သော်လည်း ကုန်ဈေးနှုန်းများ မြင့်တက်နေချိန်တွင် အခြေခံလူတန်းစား ခရီးသည်များအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သည့်အတွက် အဆိုပါ ကြေညာချက်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် YRTC အနေဖြင့် မူလသတ်မှတ် ယာဉ်စီးခနှုန်းထားများအတိုင်း နေ့စဉ် YBS ယာဉ်အစီးရေ ၃,၀၀၀ ကျော်ဖြင့် ခရီးသည်များကို ပုံမှန် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

9