back

မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်သည့် ပြည်ပနိုင်ငံသား ၁၁ ဦး ထပ်မံထိန်းသိမ်း၊ တစ်နှစ်ခွဲကျော်အတွင်း ပြည်ပနိုင်ငံသား ၁၄,၇၆၀ ဦး ထိန်းသိမ်းနိုင်ခဲ့

Aug 16 • 12:43 PM

breaking-news

မြန်မာ

ကရင်

cover

မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်သည့် ပြည်ပနိုင်ငံသား ၁၁ ဦး ထပ်မံထိန်းသိမ်း၊ တစ်နှစ်ခွဲကျော်အတွင်း ပြည်ပနိုင်ငံသား ၁၄,၇၆၀ ဦး ထိန်းသိမ်းနိုင်ခဲ့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဆိုဒ်များ၌ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများတွင် တရားမဝင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပါကစ္စတန်၊ အိန္ဒိယ၊ ဖိလစ်ပိုင...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဆိုဒ်များ၌ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများတွင် တရားမဝင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပါကစ္စတန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ကင်မရွန်းနှင့် ကင်ညာနိုင်ငံတို့မှ ပြည်ပနိုင်ငံသား ၁၁ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထိန်းသိမ်းခံရသည့် ပြည်ပနိုင်ငံသား ၁၁ ဦးအား ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းဖောက်ဖျက်မှုဖြင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁) အရ တရားစွဲဆို အရေးယူနိုင်ရေးအတွက် အာဏာပိုင်များက အစီအစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

news-view-count-icon

10