ရှမ်းယူနိုက်တက်အသင်းသည် လာမည့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် အသင်း၏ တိုက်စစ်ပိုင်းကို အားဖြည့်ရန် ဘရာဇီးလ် တိုက်စစ်ကစားသမား Carlos Damian ကို တရားဝင် ခေါ်ယူလိုက်ကြောင်း သတင်းရရှိသည်။ အသက် ၃၄ နှစ်အရွယ် အရပ် ၆ ပေ ၂ လက်မရှိသူ Carlos Damian သည် ကွင်းလယ်တိုက်စစ်ရော တောင်ပံနေရာများပါ ကစားနိုင်သည့် စွယ်စုံရကစားသမားတစ်ဦးဖြစ်ပြီး ခြေနှစ်ဖက်စလုံးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်သည်။ ၎င်းသည် ဘရာဇီးလ်အပြင် အယ်ဆာဗေးဒိုး၊ ဗီယက်နမ်၊ ယူအေအီးနှင့် ထိုင်းကလပ်အသင်းများဖြစ်ကြသည့် Ranong United၊ Khon Kaen FC၊ Uthai Thani FC နှင့် Sisaket United တို့တွင် သွားရောက်ကစားခဲ့ဖူးသဖြင့် အာရှနှင့် နိုင်ငံတကာ ဘောလုံးလောက အတွေ့အကြုံ ရင့်ကျက်သူတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
Aug 16 • 12:34 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 8 | 0 | 0 | 0 |


