ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စုရှိ အ.မ.က (သာယာကုန်း) ကျောင်းကို တိုးမြစ်ရေဝင်ရောက်လာမှုကြောင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဩဂုတ်လ ၁၅ ရက်မှ ၁၈ ရက်အထိ ၄ ရက်ကြာ ယာယီပိတ်ထားကြောင်း သိရသည်။ ကျောင်းပိတ်ထားသည့် ကာလအတွင်း သင်ခန်းစာများ နောက်ကျကျန်ခဲ့မှု မရှိစေရန်အတွက် အပတ်စဉ် တနင်္ဂနွေနေ့များတွင် အစားထိုး ပြန်လည်သင်ကြားပေးသွားမည်ဖြစ်သည်။ လက်ရှိတွင် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရေမြုပ်နေသည့် ကျောင်းအဝင်လမ်းများကို ကျေးရွာအစီအစဉ်ဖြင့် သဲအိတ်များခင်းခြင်းနှင့် ယာယီဝါးတံတား တည်ဆောက်ခြင်း စသည့် ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို့နယ်၌ တိုးမြစ်ရေဝင်ရောက်မှုကြောင့် အ.မ.က (သာယာကုန်း) ကျောင်း ၄ ရက် ယာယီပိတ်
Aug 16 • 12:33 PM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 12 | 0 | 0 | 0 |


