မန္တလေးမြို့၌ ကျင်းပသည့် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲတွင် အသက် ၆၀ နှင့်အထက် ၁၂ ဦးအပါအဝင် အားကစားသမား စုစုပေါင်း ၄၉၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်များသည် မန္တလေးမြို့ ရတနာပုံတိရစ္ဆာန်ဥယျာဉ်မှ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်အထိ ၄၃ မိုင်ခရီးကို စီးနင်းယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းပြိုင်ပွဲကို စက်ဘီးစီးအားကစား မြှင့်တင်ရန်၊ ထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးရန်နှင့် ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မန္တလေး MTB လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ၌ အသက် ၆၀ နှင့်အထက် ၁၂ ဦးအပါအဝင် အားကစားသမား ၅၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်
Aug 16 • 12:31 PM
မြန်မာ
မန္တလေး
မျှဝေမည်
| 8 | 0 | 0 | 0 |


