အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း၊ အရှေ့နူဆာတန်ဂါရာပြည်နယ်၌ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၅၁ ဦးအထိ ရှိလာပြီး လူပေါင်း ၅,၀၀၀ ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည်။ အဆိုပါ ငလျင်ကြောင့် လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နောက်ဆက်တွဲငလျင်ပေါင်း ၃၄၀ ကျော် ဆက်တိုက်လှုပ်ခတ်ခဲ့သဖြင့် အိမ်ခြေ ၁,၃၀၀ ကျော် ပျက်စီးပြီး လမ်းများ ပိတ်ဆို့ခြင်း၊ မြေပြိုခြင်းနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ် ကူညီရေးလုပ်ငန်းများအတွက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ၃,၅၀၀ ကျော်ကို စေလွှတ်ထားပြီး ဒေသတွင်း အရေးပေါ်အခြေအနေ ကြေညာရန် စဉ်းစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အင်ဒိုနီးရှားအရှေ့ပိုင်းတွင် ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၅၁ ဦးရှိလာ၊ လူ ၅,၀၀၀ ခန့် ဘေးလွတ်ရာ ရွှေ့ပြောင်း
Aug 16 • 12:23 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 10 | 0 | 0 | 0 |


