ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ရေဘေးသင့် ပြည်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။ လက်ရှိတွင် ယွန်းတန်းရပ်ကွက်၊ သရက်တောရပ်ကွက်၊ ကြာနီကန်ရပ်ကွက်နှင့် မင်းတဲကျွန်းအုပ်စုတို့ရှိ ဘုရားဝင်းများနှင့် သာသနာ့ဗိမာန်များ၌ ယာယီကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ထားရှိသည်။ အဆိုပါ စခန်းများတွင် အိမ်ထောင်စု ၁၉၈ စုမှ ရေဘေးသင့်ပြည်သူ စုစုပေါင်း ၇၆၉ ဦး ခိုလှုံလျက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များက သောက်သုံးရေ၊ ထမင်းဘူးများနှင့် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ရွှေတောင်မြို့နယ်၌ ယာယီကယ်ဆယ်ရေးစခန်း (၆) ခုတွင် ရေဘေးသင့်သူ (၇၆၉) ဦး ခိုလှုံနေထိုင်လျက်ရှိ
Aug 16 • 12:21 PM
မြန်မာ
ပဲခူး
မျှဝေမည်
| 6 | 0 | 0 | 0 |


