back

သတင်းမှားများနှင့် လုပ်ကြံဖန်တီးထားသည့် သတင်းအချက်အလက်များအား ပူးပေါင်းတိုက်ဖျက်ရေး မြန်မာနှင့် နီကာရာဂွါ ဆွေးနွေး

Aug 16 • 12:20 PM

breaking-news

မြန်မာ

ပြည်ပ

cover

သတင်းမှားများနှင့် လုပ်ကြံဖန်တီးထားသည့် သတင်းအချက်အလက်များအား ပူးပေါင်းတိုက်ဖျက်ရေး မြန်မာနှင့် နီကာရာဂွါ ဆွေးနွေး

နီကာရာဂွါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်နှင့် နီကာရာဂွါနိုင်ငံ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရေးရာကောင်စီ၏ Media Coordinator ဖြစ်သူ Mr. Danie...

နီကာရာဂွါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်နှင့် နီကာရာဂွါနိုင်ငံ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရေးရာကောင်စီ၏ Media Coordinator ဖြစ်သူ Mr. Daniel Edmundo Ortega Murillo တို့သည် ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းက တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံစဉ် သတင်းမှားများနှင့် လုပ်ကြံဖန်တီးထားသည့် သတင်းအချက်အလက်များ ပူးပေါင်းတိုက်ဖျက်ရေး၊ မှတ်တမ်းရုပ်ရှင်များအပြင် ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆိုင်ရာ ရုပ်သံအစီအစဉ်များ အပြန်အလှန် ဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံ သတင်းမီဒီယာ လုပ်ကိုင်သူများအကြား အတွေ့အကြုံများ ဖလှယ်ရေးနှင့် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

9