အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်တွင် ပြင်းထန်သည့် မုန်တိုင်းတိုက်ခတ်မှုနှင့် ရေကြီးမှုဖြစ်စဉ်များကြောင့် ဩဂုတ်လ ၁၅ ရက်နေ့အထိ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အရေးပေါ်စီမံခန့်ခွဲရေး တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။ အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ဘရောက်ခ်က ဖက်ဒရယ်အစိုးရထံမှ အကူအညီများ ရရှိနိုင်ရေးအတွက် ပြည်နယ်အရေးပေါ်အခြေအနေ ထုတ်ပြန်ပေးရန် သမ္မတ ဒေါ်နယ်ထရမ့်ထံ တောင်းဆိုထားကြောင်း သိရသည်။ ထို့အပြင် အိမ်နီးချင်း အိုဟိုင်းယိုးပြည်နယ်၊ ရိုးစ်ဗီးလ်မြို့၌လည်း ရေကြီးမှုအတွင်း ကယ်ဆယ်ရေးအဖွဲ့များ မရောက်ရှိနိုင်ခဲ့သည့်အတွက် လူတစ်ဦး သေဆုံးခဲ့ကြောင်း အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ဒီဝိုင်းက ပြောကြားခဲ့သည်
Aug 16 • 12:18 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 12 | 0 | 0 | 0 |


