back

ထိုင်းနိုင်ငံ၊ချင်းမိုင်တွင် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာလေ့လာရေးညီလာခံ ကျင်းပ

Aug 16 • 12:13 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံ၊ချင်းမိုင်တွင် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာလေ့လာရေးညီလာခံ ကျင်းပ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ် (UNISERV CMU) ၌ (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာလေ့လာရေးညီလာခံ (International Conference on Burma/My...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ် (UNISERV CMU) ၌ (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာလေ့လာရေးညီလာခံ (International Conference on Burma/Myanmar Studies) ၏ တတိယနေ့ အခမ်းအနားကို ဩဂုတ်လ ၁၆ ရက်တွင် ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါ ညီလာခံကို ဩဂုတ်လ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ၊ စီးပွားရေး အကျပ်အတည်းများ၊ အကြမ်းဖက်မှုနှင့် ရွှေ့ပြောင်းနေထိုင်မှု ဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးလျက်ရှိသည်။ ထို့ပြင် အခမ်းအနားတွင် မြန်မာ့အရေးဆိုင်ရာ ဓာတ်ပုံပြပွဲများနှင့် မှတ်တမ်းရုပ်ရှင် ပြသခြင်း အစီအစဉ်များကိုလည်း ထည့်သွင်း ကျင်းပခဲ့ကြောင်း သိရသည်။

news-view-count-icon

11