back

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၊ ငဝန်တာတမံ နိမ့်ကျမှုဖြစ်စဉ်တွင် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီကယ်ဆယ်ရေးနှင့် ပြုပြင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

Aug 16 • 12:06 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၊ ငဝန်တာတမံ နိမ့်ကျမှုဖြစ်စဉ်တွင် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီကယ်ဆယ်ရေးနှင့် ပြုပြင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှု ဖြစ်ပွားခဲ့သည့်နေရာ၌ မြန်...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှု ဖြစ်ပွားခဲ့သည့်နေရာ၌ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း မီးသတ်ဦးစီးမှူးရုံးတို့မှ တပ်ဖွဲ့ဝင်များသည် ရေအောက်ချထားသည့် Geo bag များပေါ်သို့ သဲအိတ်များ ဖို့ခြင်း၊ Sheet pile များ၏ နောက်ဘက်၌ လူအင်အားဖြင့် သဲအိတ်များ ဖြည့်တင်းဖို့ခြင်း စသည့် တာတမံ ခိုင်ခံ့ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ရေဘေးရှောင်စခန်းများနှင့် ရေဝင်ရောက်နေသည့် ကျေးရွာများသို့ စားရေရိက္ခာနှင့် သောက်သုံးရေများ ပို့ဆောင်ပေးခြင်း၊ အလှူရှင်များနှင့် ဌာနဆိုင်ရာများကို လိုအပ်သည့် နေရာများသို့ ပို့ဆောင်ပေးခြင်း အပါအဝင် ဒေသခံ ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး ကိစ္စများအတွက် ကူညီပို့ဆောင်ပေးရေး လုပ်ငန်းများကိုပါ အပြည့်အဝ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

10