back

စပိန်နိုင်ငံ ဂရန်နာဒါမြို့တွင် ပြင်းအား ၅.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ အဆောက်အအုံများနှင့် ကားများ ပျက်စီး

Aug 16 • 12:04 PM

breaking-news

မြန်မာ

ပြည်ပ

cover

စပိန်နိုင်ငံ ဂရန်နာဒါမြို့တွင် ပြင်းအား ၅.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ အဆောက်အအုံများနှင့် ကားများ ပျက်စီး

စပိန်နိုင်ငံ၊ ဂရန်နာဒါ (Granada) ပြည်နယ်၊ အယ်လ်ဟန်ဒင် (Alhendín) မြို့တွင် ဩဂုတ်လ ၁၅ ရက် နံနက် ၁ နာရီကျော်၌ ပြင်းအား ၅.၂ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အဆ...

စပိန်နိုင်ငံ၊ ဂရန်နာဒါ (Granada) ပြည်နယ်၊ အယ်လ်ဟန်ဒင် (Alhendín) မြို့တွင် ဩဂုတ်လ ၁၅ ရက် နံနက် ၁ နာရီကျော်၌ ပြင်းအား ၅.၂ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများ၊ နံရံများနှင့် ကားများ ပျက်စီးခဲ့သော်လည်း လူ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ရိုက်တာ အပါအဝင် နိုင်ငံတကာ သတင်းများအရ သိရသည်။ အဆိုပါ ငလျင်ကြောင့် အန်ဒါလူစီယာ (Andalusia) ဒေသ အရေးပေါ်ဌာနသို့ ဖုန်းခေါ်ဆိုမှုပေါင်း ၃၀၀ ခန့် လက်ခံရရှိခဲ့ပြီး သမိုင်းဝင် ၁၃ ရာစု အယ်လ်ဟမ်ဘရာ (Alhambra) နန်းတော်အပါအဝင် အဓိက အဆောက်အအုံကြီးများမှာ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း နောက်ဆက်တွဲ ငလျင်ငယ် (Aftershocks) ပေါင်း ၂၀၀ နီးပါး ဆက်တိုက် လှုပ်ခတ်ခဲ့ပြီး ထပ်မံ လှုပ်ခတ်နိုင်ခြေများ ရှိနေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဒေသခံ ပြည်သူများအနေဖြင့် သတိရှိကြရန် အသိပေး နှိုးဆော်ထားသည်။

news-view-count-icon

4