ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၏ တိုးမြစ်ရေသည် လက်ရှိတွင် စိုးရိမ်ရေမှတ်အောက် ၄ စင်တီမီတာအလိုသို့ ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ဒီရေမြင့်တက်ချိန်၌ စိုးရိမ်ရေမှတ်အထက် ကျော်လွန် ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၁၅ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့သည်။ သို့ဖြစ်ပါ၍ မအူပင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် ရေဘေးအန္တရာယ်ကို ကြိုတင်သတိပြုရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီ ဘေးလွတ်ရာသို့ ရှောင်ရှားကြရန် မိုးဇလက သတိပေး နှိုးဆော်ထားသည်။
ဧရာဝတီတိုင်းဒေသကြီး၊တိုးမြစ်ရေသည် လာမည့် ၂၄ နာရီအတွင်း ဒီရေမြင့်တက်ချိန်၌ မအူပင်မြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနိုင်
Aug 16 • 12:01 PM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 17 | 0 | 0 | 0 |


