back

ပါမောက္ခချုပ်ဆရာတော်ကြီး မန္တလေးမြို့တွင် အထူးဓမ္မသဘင် ဟောကြားပူဇော် 

Aug 16 • 12:00 PM

breaking-news

မြန်မာ

မန္တလေး

cover

ပါမောက္ခချုပ်ဆရာတော်ကြီး မန္တလေးမြို့တွင် အထူးဓမ္မသဘင် ဟောကြားပူဇော် 

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသသည် ဩဂုတ်လ ၁၅ ရက် ညနေပိုင်းက မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မစာဓမ္မိကာရာမကျောင်းတိုက်၊ ရွှေကောင်းသန...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသသည် ဩဂုတ်လ ၁၅ ရက် ညနေပိုင်းက မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မစာဓမ္မိကာရာမကျောင်းတိုက်၊ ရွှေကောင်းသန့် ဓမ္မာရုံကျောင်းဆောင်တော်၌ အထူးဓမ္မသဘင် ကျင်းပပြုလုပ်၍ တရားရေအေး တိုက်ကျွေးတော်မူခဲ့ကြောင်း သိရသည်။ ဆရာတော်ကြီးသည် သက်တော် (၈၆) နှစ်အရွယ်သို့ ရောက်ရှိတော်မူလာပြီဖြစ်သော်လည်း တရားချစ်ခင် သူတော်စင် ပရိသတ်များအတွက် နိဗ္ဗာန်ရောက်ကြောင်း တရားတော်ဖြစ်သည့် "ဗျဿန" အကြောင်းတရား ဒေသနာတော်ကို မြတ်စွာဘုရားရှင်၏ အလိုကျအတိုင်း ဟောကြားပြသ ပူဇော်ပေးခဲ့သည်။

news-view-count-icon

11