ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ ရောဂါသည် ရောဂါပိုးပါဝင်သည့် မသန့်ရှင်းသော ရေနှင့် အစားအစာများ စားသုံးမိခြင်းမှတစ်ဆင့် ကူးစက်တတ်ပြီး မိုးဦးကျနှင့် မိုးကုန်ဆောင်းအကူး ကာလများတွင် ဖြစ်ပွားမှု ပိုမိုများပြားနိုင်သဖြင့် မသင်္ကာဖွယ် ရောဂါလက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများသို့ အချိန်မီ သွားရောက် ကုသမှုခံယူကြရန် အသိပေးထားကြောင်း သိရသည်။
ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍ အထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး
Aug 16 • 11:59 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 9 | 0 | 0 | 0 |


