back

ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာ စာသင်ကျောင်း ၅ ကျောင်း ယာယီပိတ်ထား

Aug 16 • 10:52 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာ စာသင်ကျောင်း ၅ ကျောင်း ယာယီပိတ်ထား

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာ စာသင်ကျောင်းများနှင့် နေအိမ်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်...

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာ စာသင်ကျောင်းများနှင့် နေအိမ်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဩဂုတ်လ ၁၆ ရက်မှ စတင်၍ အဖျောက်မြို့ရှိ အ.မ.က (သဲရိုး)၊ အ.လ.က (ခွဲ) အလယ်ကင်း၊ အ.မ.က (ရေပြန်)၊ အ.မ.က (ရေလဲကြီး) နှင့် အ.မ.က (မအူကုန်း) စသည့် စာသင်ကျောင်း ၅ ကျောင်းကို ယာယီ ပိတ်ထားခဲ့သည်။ အဆိုပါ ကျောင်းများကို မြစ်ရေ ပြန်လည်ကျဆင်းသွားပါက ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းပိတ်ထားစဉ် ကာလအတွင်း သင်ခန်းစာများ နောက်ကျကျန်ခဲ့မှု မရှိစေရန်အတွက် အစားထိုး ပြန်လည်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

13