back

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ နေ့စဉ် ဆိုင်ကယ်ပျောက်ဆုံးနေမှုများက ငါးပစ်ဂိမ်းခုံများနှင့် ဆက်စပ်နေကြောင်း ဒေသခံများ သံသယရှိနေ

Aug 16 • 6:44 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ နေ့စဉ် ဆိုင်ကယ်ပျောက်ဆုံးနေမှုများက ငါးပစ်ဂိမ်းခုံများနှင့် ဆက်စပ်နေကြောင်း ဒေသခံများ သံသယရှိနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ နေ့စဉ် ခိုးမှုနှင့် ဆိုင်ကယ် ပျောက်ဆုံးမှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိရာ ယင်းသို့ ဖြစ်ပွားနေခြင်းသည် ရပ်ကွက်များအတွ...

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ နေ့စဉ် ခိုးမှုနှင့် ဆိုင်ကယ် ပျောက်ဆုံးမှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိရာ ယင်းသို့ ဖြစ်ပွားနေခြင်းသည် ရပ်ကွက်များအတွင်း ဖွင့်လှစ်ထားသည့် လောင်းကစား ငါးပစ်ဂိမ်းခုံများကြောင့်ဖြစ်ကြောင်း ဒေသခံများက သံသယရှိလျက် ရှိသည်။သူခိုးများသည် ခိုးယူလာသော ဆိုင်ကယ်များကို သူခိုးလက်ခံများနှင့် ပစ္စည်းအပေါင်ခံသူများထံ ရောင်းချပြီးနောက် ရရှိလာသည့် ငွေကြေးများဖြင့် ရပ်ကွက်များအတွင်းရှိ ငါးပစ်ဂိမ်းခုံများတွင် မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ လောင်းကစား ပြုလုပ်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။ ထို့နောက် ငွေကြေး ကုန်ဆုံသွားပါက မြို့ပေါ် ရပ်ကွက်များသာမက မြို့ပြင် ကျေးရွာများအထိ နေ့ညမရွေး ထပ်မံ ခိုးယူလုယက်မှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။လက်ရှိတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကင်းလှည့် စစ်ဆေးမှုများနှင့် စောင့်ကြပ်မှုများ ဆောင်ရွက်နေသော်လည်း ခိုးမှုများ လျော့ကျမသွားသည့်အပြင် ဆိုင်ကယ်ခိုးမှုများ ဖမ်းဆီးရမိချိန်တွင်လည်း သူခိုးလက်ခံ အများစု လွတ်မြောက်နေသည့်အပေါ် မြို့ခံများက မေးခွန်းထုတ်လျက် ရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဆိုင်ကယ်သူခိုးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် သူခိုးလက်ခံတစ်ဦးမှာ မိုင်းဆတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်စာရေးတစ်ဦး ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ သို့ဖြစ်ပါ၍ မြို့အတွင်း ခိုး၊ ဆိုး၊ လုယက်မှုများ လျော့ကျစေရန် တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုထားကြသည်။

news-view-count-icon

11