back

ကယားပြည်နယ်၌ ကြက်ဥတစ်လုံးလျှင် ကျပ် ၂,၀၀၀ အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်လျက်ရှိ

Aug 16 • 4:33 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်၌ ကြက်ဥတစ်လုံးလျှင် ကျပ် ၂,၀၀၀ အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်လျက်ရှိ

ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း တော်ခူကျေးရွာအုပ်စုအတွင်း၌ အခြေခံ စားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင် ကျပ် ၂,၀၀၀ အထိ စံချိန်တင် ဈေးနှုန်း...

ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း တော်ခူကျေးရွာအုပ်စုအတွင်း၌ အခြေခံ စားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင် ကျပ် ၂,၀၀၀ အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်နေပြီး လက်ရှိအချိန်အထိ ဈေးနှုန်း ပြန်လည်ကျဆင်းခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ ဒေသသို့ ကြက်ဥအပါအဝင် အခြေခံ စားသောက်ကုန်များကို ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှ သယ်ယူရောင်းချခြင်းဖြစ်ပြီး မိုးရာသီ လမ်းခရီး ခက်ခဲမှုကြောင့် ဇူလိုင်လမှစ၍ တစ်လခန့်ကြာသည်အထိ ဈေးနှုန်း မြင့်တက်နေခြင်း ဖြစ်သည်။ ယခင်နှစ်က ကျပ် ၅,၀၀၀ လျှင် ကြက်ဥ ၆ လုံးမှ ၇ လုံးအထိ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ၃ လုံးသာ ရရှိတော့သဖြင့် မိသားစုများအတွက် အာဟာရပိုင်းဆိုင်ရာနှင့် ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရသည်။ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းနှင့် အခြားမြို့နယ်များတွင် ကြက်ဥတစ်လုံးလျှင် ကျပ် ၇၀၀ မှ ၈၀၀ ခန့်သာ ပေါက်ဈေးရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

news-view-count-icon

9