back

တနင်္သာရီ၌ ဒူးရင်းသီး ဈေးကောင်းရသော်လည်း သယ်ယူစရိတ်နှင့် ဂိတ်ကြေးများကြောင့် တောင်သူများ အမြတ်မကျန်ဖြစ်နေ

Aug 16 • 4:31 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီ၌ ဒူးရင်းသီး ဈေးကောင်းရသော်လည်း သယ်ယူစရိတ်နှင့် ဂိတ်ကြေးများကြောင့် တောင်သူများ အမြတ်မကျန်ဖြစ်နေ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဝန်းကျင်ရှိ ကျေးရွာများမှ တောင်သူများသည် ယခုနှစ်တွင် ဒူးရင်းသီး ဈေးကောင်းရရှိသော်လည်း သယ်ယူစရိတ်နှင့် ဂိတ်ကြေးများ ဈေး...

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဝန်းကျင်ရှိ ကျေးရွာများမှ တောင်သူများသည် ယခုနှစ်တွင် ဒူးရင်းသီး ဈေးကောင်းရရှိသော်လည်း သယ်ယူစရိတ်နှင့် ဂိတ်ကြေးများ ဈေးတက်လာခြင်းကြောင့် အမြတ်မကျန်ဖြစ်နေကြောင်း သိရသည်။ဒူးရင်းသီး ရာသီချိန်မှာ ဇွန်လလယ်မှ ဩဂုတ်လအထိ ဖြစ်ပြီး ယခုနှစ်တွင် ဒူးရင်းသီး အကြီးတစ်လုံးလျှင် ကျပ် ၂၀,၀၀၀ ဝန်းကျင်နှင့် အငယ်တစ်လုံးလျှင် ၅,၀၀၀ ကျပ်မှ ၉,၀၀၀ ကျပ်အထိ ဈေးရရှိသဖြင့် ယခင်နှစ်ထက် ဈေးနှုန်းမြင့်တက်ခဲ့သည်။ သို့သော် မြိတ်မြို့သို့ သွားရောက် တင်ပို့ရောင်းချရာတွင် ကားခစရိတ်မှာ ယခင်နှစ်ထက် ၃ ဆခန့် ပိုမိုပေးဆောင်ရသည့်အပြင် လမ်းခရီးရှိ ဂိတ်ကြေးများပါ ပေးဆောင်နေရသဖြင့် ရောင်းအားတက်သော်လည်း တောင်သူများအတွက် အမြတ်ငွေ လျော့နည်းသွားခဲ့သည်။တနင်္သာရီမြို့ ဝန်းကျင်ရှိ ဘန်းသဲ၊ တပ်ဦး၊ အောက်ကင်း၊ အော်ကြီး၊ လယ်တောင်ယာနှင့် တမုတ်ချုံး ကျေးရွာတို့တွင် ဒူးရင်းသီးနှင့် မင်းဂွတ်သီးများကို အဓိက စိုက်ပျိုး၍ မြိတ်မြို့သို့ တင်ပို့ရောင်းချကြခြင်းဖြစ်သည်။ ထို့ပြင် မင်းဂွတ်သီးမှာ အထွက်နှုန်း ကောင်းသော်လည်း ဈေးနှုန်း ပြောင်းလဲမှု မရှိဘဲ ကြက်မောက်သီးများကိုမူ ဒေသအတွင်း၌သာ ရောင်းချလျက်ရှိသည်။

news-view-count-icon

11