ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့နှင့် မွန်ပြည်နယ်၊ ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာ တွေ့ရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများ၌ အချိန်မီ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။အဆိုပါ ရောဂါသည် ရောဂါပိုးပါဝင်သည့် မသန့်ရှင်းသော ရေနှင့် အစားအစာများမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပြီး မိုးဦးကျနှင့် မိုးကုန်ဆောင်းအကူး ကာလများတွင် ဖြစ်ပွားမှု ပိုမိုများပြားနိုင်သည်။ ရောဂါဖြစ်ပွားပါက အရည်ဝမ်းများစွာ သွားခြင်း၊ ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ ကြွက်တက်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ ယင်လုံအိမ်သာ အသုံးပြုရန်၊ သောက်သုံးရေကို ကျိုချက်ရန်နှင့် အစားအစာများကို ကျက်အောင် ချက်ပြုတ်၍ ယင်မနားစေရန် ဖုံးအုပ်ထားကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။
ရန်ကုန်နှင့် မွန်ပြည်နယ်တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေသဖြင့် ပြည်သူများ အထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေး
Aug 16 • 3:43 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 10 | 0 | 0 | 0 |


