မွန်ပြည်နယ်တွင် ရန်ကုန်မြို့မှ ပြန်လာသည့် ခရီးသွား နှစ်ဦးထံ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုး (Cholera test kit positive) တွေ့ရှိခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ် ကျန်းမာရေးဦးစီးဌာနများထံမှ သိရသည်။ရောဂါပိုး တွေ့ရှိသူများမှာ ရေးမြို့၊ သီရိခေမာရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ကျိုက္ခမီမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။ အဆိုပါ ရေးမြို့နယ်မှ အမျိုးသားမှာ ဩဂုတ် ၁၀ ရက်တွင် ရန်ကုန်မှ ပြန်လာပြီးနောက် ဩဂုတ် ၁၄ ရက်၌ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသဖြင့် စစ်ဆေးရာမှ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရေးမြို့ ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိရာ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။၎င်းနှင့်အတူ ရန်ကုန်မှ ပြန်လာသူ နှစ်ဦးကိုလည်း အသီးသီး သီးသန့်စောင့်ကြည့် (Quarantine) ထားရှိကာ ပိုးတွေ့လူနာများ နေထိုင်ခဲ့သည့် နေအိမ်နှင့် ပတ်ဝန်းကျင် နေရာများကို ကျန်းမာရေးအဖွဲ့များနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များ ပူးပေါင်း၍ ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ထားသည်။ ထို့ပြင် ဩဂုတ် ၁၃ ရက်က ရောဂါပိုး တွေ့ရှိခဲ့သည့် ကျိုက္ခမီမြို့မှ အမျိုးသမီးမှာလည်း ကျိုက္ခမီမြို့ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
Aug 16 • 3:08 AM
မြန်မာ
မွန်
မျှဝေမည်
| 11 | 0 | 0 | 0 |


