back

ကမ္ဘာကျော်အဆိုတော် Selena Gomez တရားစွဲဆိုခံရ

Aug 16 • 2:18 AM

breaking-news

မြန်မာ

ပြည်ပ

breaking-news
cover

ကမ္ဘာကျော်အဆိုတော် Selena Gomez တရားစွဲဆိုခံရ

ဟောလိဝုဒ် မင်းသမီးနှင့် အဆိုတော် ဆီလီနာဂိုမက်ဇ်သည် မိခင်ဖြစ်သူနှင့် ပူးတွဲတည်ထောင်ထားသည့် Wondermind Global စိတ်ကျန်းမာရေး လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသူ ၅ ဦး...

ဟောလိဝုဒ် မင်းသမီးနှင့် အဆိုတော် ဆီလီနာဂိုမက်ဇ်သည် မိခင်ဖြစ်သူနှင့် ပူးတွဲတည်ထောင်ထားသည့် Wondermind Global စိတ်ကျန်းမာရေး လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသူ ၅ ဦး၏ တရားစွဲဆိုမှုကို ခံထားရကြောင်း The New York Times သတင်း၌ ဖော်ပြထားသည်။အဆိုပါ ရှယ်ယာရှင်များ၏ တရားစွဲဆိုချက်တွင် ဆီလီနာဂိုမက်ဇ်အနေဖြင့် ကုန်အမှတ်တံဆိပ် မြှင့်တင်ရေး ကတိကဝတ်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည့်အပြင် တာဝန်များကို ပစ်ပယ်ထားခြင်းကြောင့် ကုမ္ပဏီမှာ စီးပွားရေးအရ အကျပ်အတည်းဖြစ်ပေါ်နေရသည်ဟု ဖော်ပြထားသည်။ထို့ကြောင့် ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းကို ပြန်လည်ရရှိရန်နှင့် ထိခိုက်နစ်နာကြေး၊ တရားရုံးစရိတ်များ ပေးလျော်ရန် စွဲဆိုထားခြင်းဖြစ်သည်။ ဆီလီနာဂိုမက်ဇ်သည် လွန်ခဲ့သော ၅ နှစ်က မိခင်ဖြစ်သူနှင့်အတူ အဆိုပါ Wondermind Global စိတ်ကျန်းမာရေး လုပ်ငန်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

news-view-count-icon

15