ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့၊ အမှတ် (၂) ရပ်ကွက်၊ ဇီဝကလမ်းသွယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် ဩဂုတ် ၁၅ ရက်၊ ည ၉ နာရီအချိန်၌ ရေထပ်မံမြင့်တက်လာသဖြင့် ကူညီကယ်ဆယ်ပေးရန် ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။အဆိုပါ အကြောင်းကြားချက်အရ ရှာဖွေကယ်ဆယ်ရေး ကွပ်ကဲရုံးမှ တပ်ဖွဲ့ဝင်များက သွားရောက်၍ ၎င်းအမျိုးသားအား နီးစပ်ရာ ဆွေမျိုးများအိမ်သို့ ဘေးကင်းစွာ ကူညီကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့သည်။မီးလောင်မှု၊ သဘာဝဘေးအန္တရာယ်နှင့် အခြား ရုတ်တရက် ဖြစ်ပွားသော ဘေးအန္တရာယ်များ ကြုံတွေ့ရပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ် ဖုန်းနံပါတ် ၁၉၁ သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး ကွပ်ကဲရေးဖုန်းများသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထားသည်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့၌ ရေထပ်မံမြင့်တက်လာလို့ နေအိမ်ထဲရှိ အမျိုးသားတစ်ဦးအား မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ပေးခဲ့
Aug 16 • 2:17 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 15 | 0 | 0 | 0 |


