ရှမ်းယူနိုက်တက် အသင်းက ပြီးခဲ့သည့်ရက်ပိုင်းကမှ ခေါ်ယူထားသည့် ဘရာဇီး တိုက်စစ်မှူး ဒေါ့ဆန်းတို့စ်က ၎င်း၏ အတွေ့အကြုံများကို မျှဝေ၍ မိခင်အသင်းအတွက် အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့သည်။ရှမ်းယူနိုက်တက် အသင်းသည် လက်ရှိတွင် အသင်းကို ပိုမိုတောင့်တင်းစေရန်အတွက် ပြင်သစ် နောက်ခံလူ ရိုဒရီဂူ၊ ဂါနာ နောက်ခံလူ ဘိုတန်၊ ရုရှား ကွင်းလယ်လူ ဒန်နီရယ်၊ ဂါနာ ကွင်းလယ်လူ အိုဝူဆူနှင့် ဘရာဇီး တိုက်စစ်မှူး ဒေါ့ဆန်းတို့စ် စသည့် ပြည်ပကစားသမား ၅ ဦးအထိ ခေါ်ယူဖြည့်တင်းထားပြီးဖြစ်သည်။ထို့ပြင် ပြည်တွင်း ကစားသမားများအဖြစ် မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ လွင်မိုးအောင်နှင့် မြန်မာ ယူ-၂၂ လက်ရွေးစင် ဖြိုးပြည့်စုံ တို့ကိုလည်း ခေါ်ယူအားဖြည့်ထားကြောင်း သိရသည်။
Aug 16 • 2:17 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 10 | 0 | 0 | 0 |


