မန်ယူနိုက်တက် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့သဖြင့် အသင်းလက်မဲ့ ဖြစ်နေသည့် အသက် ၂၆ နှစ်အရွယ် အင်္ဂလန် တောင်ပံကစားသမား ဂျေဒွန်ဆန်ချိုသည် ပြည်ပကလပ် အသင်းတစ်သင်းသို့ ထွက်ခွာကစားရန် နီးစပ်နေကြောင်း သိရသည်။ဆန်ချိုကို ပရီးမီးယားလိဂ် ကလပ်အချို့အပြင် ၎င်း၏ အသင်းဟောင်း ဖြစ်သော ဂျာမနီကလပ် ဒေါ့မွန်အသင်း ကလည်း စိတ်ဝင်စားလျက်ရှိသည်။ ၎င်းသည် မန်ယူနိုက်တက်အသင်း၌ ပုံမှန်ခြေစွမ်းမပြနိုင်ဘဲ ဒေါ့မွန်၊ ချယ်လ်ဆီးနှင့် အက်စတွန်ဗီလာ အသင်းတို့သို့ အငှားထွက်ခွာ ကစားခဲ့ရသူဖြစ်သည်။ အက်စတွန်ဗီလာ အသင်းက အပြီးသတ် ဝယ်ယူခွင့် ရရှိထားသော်လည်း လျော်ကြေးငွေ ပေါင် ၅ သန်းသာ ပေးချေခဲ့သည်။လက်ရှိအချိန်တွင် ဆန်ချိုသည် မိမိ၏ ကြံ့ခိုင်မှု ထိန်းသိမ်းနိုင်ရန်အတွက် non-league ကလပ် အသင်းတစ်ခုဖြစ်သည့် Fixton အသင်းနှင့်အတူ လေ့ကျင့်ခန်း ဆင်းလျက်ရှိသည်။
Aug 16 • 2:00 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 14 | 0 | 0 | 0 |


