ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ တိုးမြစ်ရေသည် လာမည့် ၂၄ နာရီအတွင်း ဒီရေမြင့်တက်ချိန်တွင် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန် ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၁၅ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့သည်။လက်ရှိအချိန်တွင် တိုးမြစ်ရေသည် မအူပင်မြို့၏ စိုးရိမ်ရေမှတ်အောက် ၄ စင်တီမီတာ အလိုသို့ ရောက်ရှိနေခြင်းဖြစ်သည်။သို့ဖြစ်ပါ၍ မအူပင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် ကြိုတင် သတိပြုကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီ ရှောင်ရှားနိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နှိုးဆော်ထားသည်။
ဧရာဝတီတိုင်း၊မအူပင်မြို့ရှိ တိုးမြစ်ရေသည် လာမည့် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးဇလ အသိပေး
Aug 16 • 1:58 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 9 | 0 | 0 | 0 |


