ပြည်သူများအနေဖြင့် ကိုယ်တိုင် မီတာဖတ်ရှု၍ မီတာခ ပေးဆောင်နိုင်မည့် ဒီဂျစ်တယ်စနစ်တစ်ခုကို မကြာမီအချိန်အတွင်း စမ်းသပ် အသုံးပြုသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။စမတ်မီတာစနစ်နှင့် ချိတ်ဆက်နိုင်ခြင်း မရှိသေးသည့် မီတာများအတွက် ကိုယ်တိုင် မီတာဖတ်နိုင်သကဲ့သို့ Control Centre မှလည်း စောင့်ကြည့်နိုင်မည့် ဒီဂျစ်တယ်စနစ်ကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ထို့ပြင် မီတာအသစ် လျှောက်ထားလိုသူများအနေဖြင့် ပွဲစားနှင့် ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှု ကင်းဝေးစေရန် ဩဂုတ် ၁၅ ရက်မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက် လျှောက်ထားနိုင်ပြီ ဖြစ်သည်။
Aug 16 • 1:38 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


