back

ဘာစီလိုနာအသင်း၏ စပိန်တိုက်စစ်မှူး ဖယ်ရန်တောရက်စ်ကို PSG အသင်း ခေါ်ယူ

Aug 15 • 12:42 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဘာစီလိုနာအသင်း၏ စပိန်တိုက်စစ်မှူး ဖယ်ရန်တောရက်စ်ကို PSG အသင်း ခေါ်ယူ

ပြင်သစ်ထိပ်သီး PSG အသင်းသည် ဘာစီလိုနာအသင်း၏ စပိန်တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း (၅၀) ဖြင့် ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်ချုပ...


ပြင်သစ်ထိပ်သီး PSG အသင်းသည် ဘာစီလိုနာအသင်း၏ စပိန်တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း (၅၀) ဖြင့် ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်ချုပ်ဆိုကာ တရားဝင် ခေါ်ယူလိုက်ပြီဖြစ်သည်။ PSG အသင်းသည် ရှေ့တန်းတိုက်စစ်မှူးများဖြစ်ကြသည့် ဂွန်ကာလိုဟယ်မို့စ်နှင့် မူအာနီတို့ကို ရောင်းထုတ်ခဲ့ပြီး ဘာကိုလာကိုလည်း အသင်းမှ ထွက်ခွင့်ပေးထားသည့်အတွက် တိုက်စစ်ပိုင်း အင်အားဖြည့်တင်းရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဖယ်ရန်တောရက်စ်သည် PSG အသင်းနှင့် ပူးပေါင်း၍ လေ့ကျင့်ခန်းများ စတင်ပြုလုပ်နေပြီဖြစ်ပြီး အသင်း၌ ခါဗရာစကယ်လီယာ၊ ဒမ်ဘီလီ၊ ဒူအီတို့နှင့်အတူ ပုံမှန်ပွဲထွက်ခွင့်နေရာအတွက် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

8