back

သိန္နီမြို့တွင် KTV၊ အနှိပ်ခန်းများ များပြားလာပြီး အိမ်နှင့် မြေငှားဈေးကွက်ကို တရုတ်နိုင်ငံသားများ လွှမ်းမိုးထား

Aug 15 • 12:41 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

သိန္နီမြို့တွင် KTV၊ အနှိပ်ခန်းများ များပြားလာပြီး အိမ်နှင့် မြေငှားဈေးကွက်ကို တရုတ်နိုင်ငံသားများ လွှမ်းမိုးထား

သိန္နီမြို့တွင် KTV နှင့် အနှိပ်ခန်းများ မြို့လူဦးရေနှင့် မလိုက်ဖက်အောင် များပြားလာသည့်အပြင် အိမ်နှင့် မြေငှားဈေးကွက်ကိုပါ တရုတ်နိုင်ငံသားများက စီးပွားရေးအရ လွှ...

သိန္နီမြို့တွင် KTV နှင့် အနှိပ်ခန်းများ မြို့လူဦးရေနှင့် မလိုက်ဖက်အောင် များပြားလာသည့်အပြင် အိမ်နှင့် မြေငှားဈေးကွက်ကိုပါ တရုတ်နိုင်ငံသားများက စီးပွားရေးအရ လွှမ်းမိုးချုပ်ကိုင်ထားကြောင်း ဒေသခံများထံမှ သိရသည်။ တရုတ်နိုင်ငံသားများသည် အဆမတန် ဈေးနှုန်းများပေး၍ မြေနှင့် အိမ်များကို စာချုပ်ရှည်ဖြင့် ငှားရမ်းကာ အဆောက်အအုံကြီးများ ဆောက်လုပ်ခြင်း၊ စီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းတို့ ပြုလုပ်နေကြသည်။ ထို့ပြင် မြို့ပေါ်ရှိ ဆိုင်းဘုတ်များတွင် တရုတ်စာများကို အဓိက သုံးစွဲထားပြီး သုံးစွဲသည့် ငွေကြေးမှာလည်း တရုတ်ယွမ်ငွေ ဖြစ်နေသဖြင့် မြန်မာနိုင်ငံသား ဒေသခံများမှာ စစ်ဘေးဒဏ်ကြောင့် နလန်မထူနိုင်သေးချိန်တွင် မိမိတို့ မြို့တွင်း၌ပင် စီးပွားရေးအရ အခွင့်အရေး မရရှိကြတော့ဘဲ တရုတ်နိုင်ငံ၏ မြို့တစ်မြို့ကဲ့သို့ ဖြစ်နေကြောင်း ဒေသခံများက ရောထွေးသည့် ခံစားချက်များဖြင့် ပြောဆိုထားကြသည်။

news-view-count-icon

11