back

ရန်ကုန်မြို့ရှိ အိန္ဒိယဂေဟာ၌ (၈၀) ကြိမ်မြောက် အိန္ဒိယလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပ

Aug 15 • 12:39 PM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်မြို့ရှိ အိန္ဒိယဂေဟာ၌ (၈၀) ကြိမ်မြောက် အိန္ဒိယလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပ

ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သံတမန်လမ်းရှိ အိန္ဒိယဂေဟာ၌ အိန္ဒိယနိုင်ငံ၏ နှစ် ၈၀ မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားကို ကျင်းပခဲ့ရာ မြန်...

ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သံတမန်လမ်းရှိ အိန္ဒိယဂေဟာ၌ အိန္ဒိယနိုင်ငံ၏ နှစ် ၈၀ မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Abhay Thakur နှင့် ဇနီး၊ စစ်သံမှူးများနှင့် သံရုံးတာဝန်ရှိသူများ၊ အိန္ဒိယနွယ်ဖွား မိသားစုဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် သံအမတ်ကြီးက အိန္ဒိယနိုင်ငံတော်အလံကို လွှင့်တင်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံတော် သမ္မတ၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ကာ အိန္ဒိယရိုးရာ အကအလှများဖြင့် ဖျော်ဖြေခြင်းနှင့် ပန်းချီ၊ စာစီစာကုံး၊ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း စသည့် အစီအစဉ်များ ထည့်သွင်း ကျင်းပခဲ့ကြောင်း သိရသည်။

news-view-count-icon

67