back

မကွေးတိုငိးဒေသကြီး၊အောင်လံမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးသင့်နေအိမ်များအား ကူညီရွှေ့ပြောင်းပေး

Aug 15 • 12:34 PM

breaking-news

မြန်မာ

မကွေး

breaking-news
cover

မကွေးတိုငိးဒေသကြီး၊အောင်လံမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးသင့်နေအိမ်များအား ကူညီရွှေ့ပြောင်းပေး

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် ဩဂုတ်လ ၁၅ ရက် (၂၀၂၆ ခုနှစ်) မွန်းလွဲ ၂ နာရီအချိန်ခန့်က ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် သရက်တောရပ်ကွက်ရှိ နေအိမ်များအတွင်း...

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် ဩဂုတ်လ ၁၅ ရက် (၂၀၂၆ ခုနှစ်) မွန်းလွဲ ၂ နာရီအချိန်ခန့်က ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် သရက်တောရပ်ကွက်ရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် အောင်လံမြို့နယ် မီးသတ်စခန်းမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးသင့် ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

15