အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီ အမျိုးသမီးအသင်းသည် အာရှအဆင့်ပြိုင်ပွဲ၌ ရလဒ်ကောင်းများ ရရှိနိုင်ရန်အတွက် ပြည်တွင်း ကလပ်အသင်းများမှ ထိပ်တန်း ကစားသမား ၆ ဦးကို အငှားစာချုပ်ဖြင့် ခေါ်ယူကာ အသင်းအင်အား ဖြည့်တင်းလိုက်ကြောင်း သိရသည်။ အဆိုပါ ရောက်ရှိလာသည့် ကစားသမားများမှာ ဝင်းသိင်္ဂီထွန်း (ရတနာပုံ)၊ ဇင်မိုးပြည့် (ရန်ကုန်ယူနိုက်တက်)၊ မိုးမမစိုး၊ လင်းမြင့်မိုရ်၊ ဇူးလတ်နဒီ (ISPE) နှင့် မေသက်မွန်မြင့် (သစ္စာအားမာန်) တို့ ဖြစ်ကြပြီး အတွေ့အကြုံရှိ ကစားသမားများ၏ ပါဝင်လာမှုနှင့်အတူ အာရှချန်ပီယံလိဂ် ပြိုင်ပွဲအတွက် အကောင်းဆုံး ဆက်လက် ပြင်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။
Aug 15 • 12:32 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


