ဩဂုတ်လ ၁၅ ရက် ညနေ ၄ နာရီ ၅၄ မိနစ်အချိန်ခန့်က တံတားအမှတ် (၁) အဆင်းလမ်းဘေး၊ တာလော့ဈေးအတွင်းရှိ လျှပ်စစ်မီးတိုင်ထိပ်၌ ဝါယာရှော့ဖြစ်ရာမှ မီးထတောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါမီးတောက်မှုမှာ မီးတိုင်အတွင်း၌သာ ဖြစ်ပေါ်ခဲ့သဖြင့် အနီးဝန်းကျင်ရှိ ဆိုင်များနှင့် အဆောက်အအုံများသို့ ကူးစက်ခြင်းမရှိဘဲ လူနှင့် ပစ္စည်းဥစ္စာ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်းနှင့် ဖြစ်စဉ်ကြောင့် အဆိုပါဧရိယာတွင် လျှပ်စစ်မီး ယာယီပြတ်တောက်သွားခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 15 • 12:28 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 10 | 0 | 0 | 0 |


